Tuesday, April 28, 2015

အာလူး

အာလူးဟာ လူဆိုး
အာလူးဟာ လူဂုဏ်တန်
အာလူးဟာ လူ အန္ဓတ
အာလူးဟာ လူ့ဘဝကို မျက်နှာငယ်နဲ့ဝင်ခဲ့
ရှေ့ကအာလူးကြီးတွေရဲ့ အဆုံးမကိုယူရင်း
အာလူးဟာ အာလူးဂုဏ် ပုဒ်နဲ့  ရာထူးနဲ့ အဆောင်အယောင်တွေနဲ့ တင့််တယ်နေခဲ့။

အာလူးမှာနားမရှိ၊
မျက်စိမပါ။
နားမကြား၊
ဘာမှမချောမွေ့ခဲ့။

အာလူးဟာဥာန်မကောင်းတဲ့ စက်ဘီးတစ်စီးလို
တစ်စီးလို ဘီးပေါက်လိုက်  ခွေခွင်လိုက် စပို့တိုင်  ကျိုးလိုက်လိုက်နဲ့
လို၇ာကိုမေ၇ာက်နိုင်တဲ့ ပစ္စည်းတစ်ခု့။

အာလူးဟာ ပျောက်လိုက် တွေ့လိုက်ဖြစ်နေတဲ့
ပင်စင်စားအဖိုးအိုတစ်ယောက်၇ဲ့ မျက်မှန်လို
အေ၇ာင်အဆင်းမရှိ tape နဲ့ပတ်လိုက် နန်းကြိုးနဲ့တွယ်လိုက်
အမြင်မကြည်လင်တော့တဲ့ ကရိယာတစ်ခု။

အာလူးဟာ လူအကြည်အညို ပျက်နေတဲ့အလုပ်ရှင် တစ်ယောက်လို
ကွယ်ရာမှာ ရယ်စရာတစ်မျိုး၊ တစ်ပြား မှရစရာမရှိအောင်
ပြောခံရတဲ့ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက်။

အာလူးဟာ နယ်သားလည်းကုန်၊
ဘုန်းကြီးလည်းကုန်၊
မြင်းလည်းကုန်၊
တစ်ကွက်ကွက်နဲ့ပြေးနေရတဲ့ဘုရင်ထီး။



Thakhin Nagtoe
12:00 am April 28 2015.

No comments:

Post a Comment