Thursday, June 11, 2015

ကျုပ်ကတော့ အရှေ့တိုင်းက စီးပွါးရေးသမားတစ်ယောက်ပါဘဲ

"ကျုပ်ကအရှေ့တိုင်းက စီးပွါးရေးသမားတစ်ယောက်ပါ့။
အရင်တုန်းကတော့ ကျုပ်က သူခိုးတွေ ဆီက ဈေးပေါပေါ နဲ့ဘဲအမြဲအားပေးနေတာ၊
အခုတော့ ကျုပ်က အသက်ကလည်းရလာ၊ ငွေကြေးပူပင်စရာမလိုတော့၊ 
ကျုပ်ရဲ့ဂုဏ် နဲ့ သိက္ခာ ပြန်ဆယ်ရတော့မယ်ဆိုတော့ကာ။ 
ပိုင်ရှင်နဲ့ တိုက်ရိုက်ဆက်ဆံရမှာပေါ့။ 
အဲတော့ သူခိုးတွေဟာ နေမထိ ထိုင်မသာနဲ့ ဘဲ ကျုပ်ရဲ့ ချက်အောက် ကိုထိုးဖို့ ကြိုးစားနေတာ၊ 
အဲ ပြီးတော့ သူတို့က ပြောသေးတယ် ငါ့တို့ဘကြီးလည်း နေမကောင်းဖြစ်နေပါပြီ တဲ့ အခုဘဲ ဘုန်းကြီးပင့် ဖို့ လုပ် နေ 
ကြတာတဲ့။
ကျုပ်ကတော့ အရှေ့တိုင်းက စီးပွါးရေးသမားတစ်ယောက်ပါဘဲ ။



အမည်မသိ တရုပ် ခေတ်လွန် ဟိုက်ကု(Haiku) ကိုဆီလျော်အောင် ဘာသာပြန်သည်။



No comments:

Post a Comment